ပြန်ကြားချက်များ

မှတ်သားစရာများ -
၂၀၂၅ ခုနှစ်တွင် Facebook သည် ဖန်တီးသူများအား အမေရိကန်ဒေါ်လာ ၃ ဘီလီယံနီးပါး ပေးချေခဲ့ပါသည်။ ထိုသို့ငွေထုတ်ပေးသည့် အမေရိကန်ဒေါ်လာ ၃ ဘီလီလံအနက်မှ ၆၀% သည် Reels များအတွက်ဖြစ်၍၊ ကျန်ပမာဏမှာ စတိုရီများ၊ ဓာတ်ပုံများနှင့် စာသားပို့စ်များအတွက်ဖြစ်သည်။
Facebook တွင် သင့်ဝင်ငွေကြီးထွားအောင် ကူညီပေးမည့် သိကောင်းစရာအသစ်များနှင့် မွမ်းမံထားသော နောက်ဆုံးရအကောင်းဆုံး လုပ်ထုံးလုပ်နည်းများကို ကျွန်ုပ်တို့ မျှဝေလျက်ရှိပါသည်။
အရည်အချင်းပြည့်မီသော ကြည့်ရှုမှုများ၊ ကြည့်ရှုချိန်နှင့် ထိတွေ့မှုတို့မှာ သင်၏ Reels၊ စတိုရီများ၊ ဓာတ်ပုံများနှင့် စာသားပို့စ်များမှ သင်ရရှိနိုင်သည့် ဝင်ငွေပမာဏတွင် မည်သို့အခရာကျပုံကို လေ့လာလိုက်ပါ။
သင့်ဝင်ငွေနှင့် စွမ်းဆောင်ရည်ကို သင်ပို၍ရှင်းရှင်းလင်းလင်း တွေ့မြင်ခွင့်ရစေရန် မက်ထရစ်အသစ်များကိုလည်း ကျွန်ုပ်တို့ မိတ်ဆက်ပေးလျက်ရှိပါသည်။
Facebook တွင် သင်၏ စိတ်ပြင်းပြမှုကို အသက်မွေးဝမ်းကြောင်းတစ်ခုအဖြစ် ပြောင်းလဲရာတွင်ကူညီရန် ကျွန်ုပ်တို့ စိတ်ပိုင်းဖြတ်ထားသလို ယခုအခါ ကျွန်ုပ်တို့၏ "အကြောင်းအရာဖြင့် ငွေရှာခြင်း" အစီအစဉ်၏ အလုပ်လုပ်ပုံအကြောင်း အသေးစိတ်အချက်အလက်များကို ကျွန်ုပ်တို့မျှဝေလျက်ရှိပါသည်၊ ထိုအထဲတွင် သင့်ငွေထုတ်ယူမှုကို ကြီးထွားစေရာ၌ ကူညီပေးမည့် ပြင်ဆင်မွမ်းမံထားသော နောက်ဆုံးရအကောင်းဆုံး လုပ်ထုံးလုပ်နည်းများနှင့် မက်ထရစ်အသစ်များ ပါရှိပါသည်။
Facebook တွင် သင်ဝင်ငွေရရှိပုံ
သင့်အသိုင်းအဝိုင်းက နှစ်သက်မြတ်နိုးသည့် အကြောင်းအရာကို ထိတွေ့ခြင်းအတွက် သင့်အား ချီးမြှင့်ရန် ကျွန်ုပ်တို့၏ "အကြောင်းအရာဖြင့် ငွေရှာခြင်း" ပရိုဂရမ်ကို ရည်ရွယ်ဖန်တီးထားခြင်းဖြစ်သည်။ သင်ဖန်တီးသည့် အကြောင်းအရာ အမျိုးအစားတိုင်းနီးပါး - Reels၊ စတိုရီများ၊ ဓာတ်ပုံများနှင့် စာသားပို့စ်များမှပင်လျှင် သင်ဝင်ငွေရရှိနိုင်ပါသည်။
ငွေထုတ်ယူမှုများကို သင့်အကြောင်းအရာ၏ စွမ်းဆောင်ရည်အပေါ် အခြေခံထားပါသည်၊ ဆိုလိုသည်မှာ ၎င်းတို့သည် သင့်အကြောင်းအရာက လက်ခံရရှိသည့် အရည်အချင်းပြည့်မီသော ကြည့်ရှုမှုများအပေါ် အခြေခံကာ သင့်အနီးစပ်ဆုံး ခန့်မှန်းဝင်ငွေများဖြစ်သည်။ “အရည်အချင်းပြည့်မီသော ကြည့်ရှုမှုများ” မှာ ဝင်ငွေရှာဖွေရန်အတွက် ကြည့်ရှုမှုအားလုံး အကျုံးဝင်သည်ဟု ဆိုလိုခြင်းမဟုတ်ပါ။ ပြန်ကျော့၍ ကြည့်ရှုမှု၊ ၅ စက္ကန့်အောက် ကြည့်ရှုမှု သို့မဟုတ် ကျွန်ုပ်တို့၏ မိတ်ဖက် သို့မဟုတ် ဝင်ငွေရှာဖွေခြင်းဆိုင်ရာ မူဝါဒများနှင့် မကိုက်ညီသည့်အရာများကို ကျွန်ုပ်တို့ ထည့်မတွက်ပါ။ အောက်ပါကဲ့သို့သော အခြားအကြောင်းအချက်များကလည်း သင့်ငွေထုတ်ယူမှုအပေါ် လွှမ်းမိုးမှုရှိနိုင်ပါသည် -
ကြည့်ရှုချိန် - Reels ဗီဒီယို သို့မဟုတ် စတိုရီတစ်ခုတွင် အသုံးပြုသူများ၏ ကြည့်ရှုချိန် မြင့်တက်လာသည်နှင့်အမျှ ဖန်တီးသူများသည် ပိုမိုမြင့်မားသော ဝင်ငွေထုတ်ယူမှုကို ရရှိနိုင်ပါသည်။ ဝင်ငွေအများဆုံးရရှိစေဖို့ရာ သင့်အကြောင်းအရာအား ကြည့်ရှုချိန်ထိတွေ့မှုနှင့် အရည်အချင်းပြည့်မီသော ကြည့်ရှုမှုများ၏ "အာရုံကျမှု" ကို ရှာဖွေရန် မတူညီသော ကြာချိန်များဖြင့် စမ်းသပ်လေ့လာပါ။
ထိတွေ့မှု - သင့်ပရိသတ်က တုံ့ပြန်ခြင်း၊ မှတ်ချက်ရေးခြင်းနှင့် မျှဝေခြင်းများ ပြုလုပ်သည့်အခါ သင့်အကြောင်းအရာသည် သူတို့နှင့် အဟပ်ညီကြောင်း ကျွန်ုပ်တို့အား အချက်ပြခြင်းဖြစ်သည်။ ဤနည်းဖြင့် သင့်ဖြန့်ဝေမှုကို တိုးတက်မြင့်မားစေရေးတွင် ကူညီပေးကာ ပိုမိုကြည့်ရှုမှုများအပြင် အဆုံးသတ်၌ ဝင်ငွေရရှိခြင်းအထိ ဦးတည်သွားစေနိုင်ပါသည်။
ကမ္ဘာအနှံ့ ပျံ့နှံ့ရောက်ရှိမှု - သင့်ငွေထုတ်ယူမှုသည် သင့်အကြောင်းအရာကို ကြည့်ရှုကြသည့် ဒေသအပေါ်မူတည်၍လည်း အပြောင်းအလဲရှိနိုင်ပါသည်။
အကြောင်းအရာ၏ အရည်အသွေးနှင့် ကိုယ်ပိုင်ဟန်ရှိခြင်း သင်၏ တစ်မူထူးကဲသောအသံနှင့် ရှုထောင့်များမှာ သင့်အကြောင်းအရာကို ထူးခြားစေသည့်အရာများဖြစ်ကြသည်။ အရည်အသွေးမြင့်မား၍ ကိုယ်ပိုင်ဟန်ရှိသော အကြောင်းအရာများမှာ အကြံပြုခံရနိုင်ခြေနှင့် ဝင်ငွေပိုရနိုင်ခြေ ပိုများကြသည်။
မက်ထရစ်အသစ်များဖြင့် သင့်ဝင်ငွေကို ခြေရာခံရန်
သင့်အကြောင်းအရာ၏ စွမ်းဆောင်ရည်ကို သင်ပို၍ ရှင်းရှင်းလင်းလင်း တွေ့မြင်ခွင့်ရစေရန် သင့်လုပ်ငန်းသုံး ဒက်ရှ်ဘုတ်တွင် အောက်ပါတို့အပါအဝင် မက်ထရစ်အသစ်များကို ကျွန်ုပ်တို့ မိတ်ဆက်ပေးလျက်ရှိပါသည် -
အရည်အချင်းပြည့်မီသော ကြည့်ရှုမှု - ဝင်ငွေရရှိရန် သတ်မှတ်ချက်ပြည့်မီနိုင်သော သင့်အကြောင်းအရာအပေါ် ကြည့်ရှုမှုများ။
ဝင်ငွေရရှိနှုန်း - အရည်အချင်းပြည့်မီသော ကြည့်ရှုမှု ၁,၀၀၀ လျှင်ရရှိမည့် အနီးစပ်ဆုံး ခန့်မှန်းဝင်ငွေများ။
မတူသောအမျိုးအစား တစ်ဆယ့်နှစ်ခုတွင် သင့်ကြည့်ရှုမှုများ အရည်အချင်းမပြည့်မီရသည့် အကြောင်းရင်းကိုလည်း ကျွန်ုပ်တို့ ပြသသွားပါမည်။
ဝင်ငွေရှာဖွေခြင်းကို သင်ပိတ်ထားခြင်း - သင်က ကြော်ငြာများကို ပိတ်ထားသောကြောင့် ဝင်ငွေရှာဖွေခြင်း ပိတ်နေစဉ် ကြည့်ရှုမှုများ။
သင့်စာမျက်နှာတွင် ဝင်ငွေရှာဖွေမှု ပိတ်ခံထားရခြင်း - သင့်စာမျက်နှာတွင် ပြဿနာတစ်ခုခုရှိနေခြင်းကြောင့် ဝင်ငွေရှာဖွေမှု ပိတ်ခံထားရစဉ် ကြည့်ရှုများ။
ငွေထုတ်အကောင့်ကို စတင်ထည့်သွင်းမှုမရှိခြင်း - သင့်ငွေထုတ်အကောင့်ကို စတင်ထည့်သွင်းမှု ပြီးဆုံးခြင်းမရှိ၍ ဝင်ငွေခဏရပ်နားခံရစဉ် ကြည့်ရှုမှုများ။
အကြောင်းအရာသည် ကျွန်ုပ်တို့၏ မူဝါဒများနှင့် ကိုက်ညီမှုမရှိခြင်း - ကျွန်ုပ်တို့၏ မူဝါဒများကို ချိုးဖောက်သည့်အတွက် မှားနေကြောင်း အမှတ်အသားပြုခံရသည့် အကြောင်းအရာကို ကြည့်ရှုမှုများ။ ပိုမိုလေ့လာရန်
အခြားလူပုဂ္ဂိုလ် သို့မဟုတ် စာမျက်နှာတစ်ခုမှ အကြောင်းအရာကို ပို့စ်လှမ်းတင်ခြင်း - သင်မပိုင်ဆိုင်သော သို့မဟုတ် မစီမံသော အခြား Facebook စာမျက်နှာမှ အကြောင်းအရာကို ပို့စ်လှမ်းတင်ခြင်းအား ကြည့်ရှုမှုများ။ ဤသည်မှာ Instagram မှ ပို့စ်လှမ်းတင်သော အကြောင်းအရာများနှင့် မသက်ဆိုင်ပါ။ ပိုမိုလေ့လာရန်
အများမြင်မဟုတ်သော အကြောင်းအရာများ - အများမြင်မဟုတ်သော အကြောင်းအရာအား ကြည့်ရှုမှုများသည် ဝင်ငွေရရှိရန် သတ်မှတ်ချက်မပြည့်မီပါ။
မူပိုင်ခွင့်စိစစ်သုံးသပ်ချက်ကြောင့် ဝင်ငွေရပ်ဆိုင်းခံရခြင်း - မူပိုင်ခွင့်ချိုးဖောက်မှုဆိုင်ရာ စိစစ်သုံးသပ်ချက်ကြောင့် ဝင်ငွေရပ်ဆိုင်းခံရစဉ် အကြောင်းအရာအား ကြည့်ရှုမှုများ။
၁၀ စက္ကန့်အောက်လျော့နည်းသော အကြောင်းအရာများ - အကြောင်းအရာ၏ ကြာချိန်သည် ၁၀ စက္ကန့်အောက်လျော့နည်း၍ ဝင်ငွေရရှိရန် အရည်အချင်းမပြည့်မီပါ။
ပြန်ကျော့၍ ကြည့်ရှုမှုများ - လော့ဂ်အင်ကာလတစ်ခုအတွင်း ကြည့်ရှုသူတစ်ဦးတည်းမှ ကြိမ်ဖန်များစွာကြည့်ရှုမှုများသည် ဝင်ငွေရရှိရန် သတ်မှတ်ချက်မပြည့်မီပါ။
ကြည့်ရှုချိန် ၅ စက္ကန့်အောက်လျော့နည်းခြင်း - ၅ စက္ကန့်အောက်လျော့နည်းသော ကြည့်ရှုမှုများမှာ တိုတောင်းလွန်းကာ ဝင်ငွေရရှိရန်အတွက် အရည်အချင်းမပြည့်မီပါ။
ကန့်သတ်ထားသော အသုံးပြုသူများ၏ လှုပ်ရှားဆောင်ရွက်မှု - အသုံးပြုသူအား ကန့်သတ်ထားမှုကြောင့် သင်ဝင်ငွေရရှိရာတွင် အဟန့်အတားဖြစ်စေသည့် ကြည့်ရှုမှုများ။
အခြား - ဖော်ပြထားသော အကြောင်းပြချက်များ၏ ပေါင်းစပ်အခြေအနေများ သို့မဟုတ် အခြားသော ထပ်ဆောင်းအခြေအနေများ ပါဝင်သည်။
သင့်ကြည့်ရှုမှုများနှင့် ကြည့်ရှုချိန်ကို တိုးပွားအောင်လုပ်ပုံကို လေ့လာရန် ဤမက်ထရစ်အသစ်များကို ကြည့်ရှုပေးပါ။ သင့်အကြောင်းအရာကို လူပိုကြည့်လေ၊ သင်ဝင်ငွေပိုရလေဖြစ်သည်။

သင့်ဝင်ငွေ တိုးမြင့်စေရန်အတွက် အကောင်းဆုံး လုပ်ထုံးလုပ်နည်းများ
အောက်ပါတို့မှာ ကျွန်ုပ်တို့၏ ဝင်ငွေရှာကိရိယာကို သင်အကျိုးအရှိဆုံး အသုံးချရာတွင် အကူအညီဖြစ်စေမည့် သိကောင်းစရာအချို့ဖြစ်သည် -
မတူညီသော အကြောင်းအရာအမျိုးအစားများဖြင့် စမ်းသပ်လေ့လာခြင်း - Reels၊ စတိုရီများ၊ ဓာတ်ပုံများနှင့် စာသားပို့စ်များမှတစ်ဆင့် သင်ဝင်ငွေရရှိနိုင်ပါသည်။ သင့်ပရိသတ်နှင့် အဟပ်ညီကာ အကောင်းဆုံးရလဒ် ထွက်ပေါ်စေမည့်အရာများကို ကြည့်ပါ။
မူရင်းအကြောင်းအရာကို ဖန်တီးပါ - သင်၏ တမူထူးကဲသောအသံမှာ သင်၏ မဟာအားသာချက်ပင်ဖြစ်သည်။ သင့်ရှုထောင့်ကို ထုတ်ပြ၍ သင့်အသိုင်းအဝိုင်းနှင့် ထိတွေ့မှုရှိသည့် ကိုယ်ပိုင်ဟန်ရှိသော အကြောင်းအရာကို ကျွန်ုပ်တို့ ဦးစားပေးပါသည်။
လာထိတွေ့စေရန် ဆွယ်ခြင်းကို ရှောင်ရှားခြင်း - အဆုံးသတ်တွင် ရရှိသွားမည့်အရာသည် အမှန်တကယ်ပင် အဓိပ္ပာယ်ပြည့်ဝသော၊ ကြည့်ရှုသူနှင့် သက်ဆိုင်သော အရာမဟုတ်ပါက "အဆုံးထိ ကြည့်ပေးပါ" ကဲ့သို့သော တောင်းဆိုမှုများဖြင့် လာထိတွေ့စေရန် တိုက်တွန်းခြင်းကို မပြုလုပ်ပါနှင့်။
Facebook တွင် သင့်ပရိသတ်အတွက် သင့်အကြောင်းအရာကို ချိန်ညှိပြီး မျှဝေခြင်း - စွမ်းဆောင်ရည်ကောင်းသောအရာနှင့် မှတ်ချက်များတွင် သင့်ပရိသတ်များ ပြောဆိုနေကြသော အရာများကို အာရုံစိုက်ပေးပါ။ ဤနည်းဖြင့် သူတို့နှစ်သက်မြတ်နိုးသောအရာကို ပို၍ဖန်တီးဖို့ရာ သင့်အား ကူညီပေးပါလိမ့်မည်။
သင်၏ အရည်အချင်းပြည့်မီသော ကြည့်ရှုမှုများနှင့် ကြည့်ရှုချိန်ကို တိုးပွားအောင်လုပ်ခြင်း - သင့် Reels နှင့် စတိုရီများကို လူများ ပိုမိုကြည့်ရှုလေ သင် ဝင်ငွေပိုရလေ ဖြစ်ပါသည်။ ဝင်ငွေအများဆုံးရရှိစေဖို့ရာ သင့်အကြောင်းအရာအား ကြည့်ရှုချိန်ထိတွေ့မှုနှင့် အရည်အချင်းပြည့်မီသော ကြည့်ရှုမှုများ၏ "အာရုံကျမှု" ကို ရှာဖွေရန် မတူညီသော ကြာချိန်များဖြင့် စမ်းသပ်လေ့လာပါ။
သင့်အကြောင်းအရာအား လူအများတုံ့ပြန်ဆက်သွယ်ပုံကို အာရုံစိုက်ခြင်း - တုံ့ပြန်မှုများ၊ မှတ်ချက်များနှင့် မျှဝေခြင်းများမှာ သင့်အကြောင်းအရာသည် လူများနှင့် ချိတ်ဆက်နေကြောင်း အချက်ပြခြင်းများဖြစ်ကာ ခြုံငုံရသော် ၎င်းသည် အကြောင်းအရာကို စွမ်းဆောင်ရည်ပိုကောင်းအောင် ကူညီပေးနိုင်ပါသည်။
ယနေ့ပင် ဝင်ငွေစတင်ရယူလိုက်ပါ
Facebook တွင် သင် မည်သည့်အကြောင်းအရာကို ဖန်တီးကာ ဝင်ငွေရှာမည်ကို ကျွန်ုပ်တို့တွေ့မြင်ရန် စိတ်လှုပ်ရှားမိပါသည်။ အကြောင်းအရာဖြင့် ငွေရှာခြင်းသည် လက်ရှိ၌ "ဖိတ်ခေါ်မှုဖြင့်သာ" အစီအစဉ်ဖြစ်သော်လည်း Facebook မိုဘိုင်းအက်ပ်တွင် လုပ်ငန်းသုံး ဒက်ရှ်ဘုတ်သို့ သွားရောက်၍ "ဝင်ငွေရှာဖွေခြင်း" တက်ဘ်ကို ရွေးပြီးနောက်၊ စိတ်ဝင်စားကြောင်းဖောင်ပုံစံကို ပြည့်စုံအောင်ဖြည့်စွက်ရန် “အကြောင်းအရာဖြင့် ငွေရှာခြင်း” ကို ရွေးချယ်ခြင်းဖြင့် သင်၏စိတ်ဝင်စားမှုကို ထုတ်ဖော်ပြနိုင်ပါသည်။
သင်သည် Facebook ကို အခုမှစသုံးမည့် (သို့မဟုတ် ပြန်သုံးမည့်) အခြေခိုင်ပြီးဖြစ်သော ဖန်တီးသူတစ်ဦးဖြစ်ပါက ကျွန်ုပ်တို့၏ "ဖန်တီးသူ အမြန်လမ်းကြောင်း" အစီအစဉ်သစ်အတွက် သတ်မှတ်ချက်ပြည့်မီနိုင်ပါသည်။ သတ်မှတ်ချက်ပြည့်မီမှုဆိုင်ရာ လိုအပ်ချက်များအကြောင်းကို ပိုမိုလေ့လာ၍ ဤနေရာတွင် လျှောက်ထားလိုက်ပါ။
သင်အောင်မြင်အောင် ကူညီဖို့ရာ နည်းလမ်းသစ်များကို ကျွန်ုပ်တို့ အမြဲမပြတ် ရှာဖွေနေပြီး မကြာမီတွင် နောက်ဆုံးရအချက်အလက်များကို မျှဝေသွားပါမည်။